ဘာကိုမှမမျှော်လင့်...
ရင်ကွဲအောင်ချစ်ရှာလဲ...
အဆုံးမှာ...
မရှိရှာအပြစ်ကို...
ဖွဲ့နွဲ့လို့ပြောပြန်တယ်..
မုန်းမာန်ကိုတင်းခံတယ်...သြော်
တမလွန်ကိုပို့နေတယ်..
ရင်ခွင်သည်းဦး။

မငိုခဲ့ပါဘူး
မငိုခဲ့ပါဘူး
ငါတကယ်ကို မငိုခဲ့ပါဘူး
ရင်ထဲမှာ မွန်းကျပ်နေအောင်
ခံစားရတဲ့ ခံစာချက်က
အလိုလို စီးဆင်းလာတဲ့
မျက်ရည်တွေကို တားဆီးဖို့
ငါ့လက်တွေ ခွန်အားမဲ့နေပြီလေ....

မမေ့ခဲ့ပါဘူး
ဘယ်လိုမှမေ့လို့မရအောင်
ချစ်နေတဲ့ အချစ်တွေက
ငါ့နှလုံးသားကို
နာကျင်ကြေမွစေတယ်လေ...

လွမ်းနေတာကို
လွမ်းနေပါတယ်လို့ပြောရင်
မင်းယုံကြည်ပါ့မလား.....

တယောက်ထဲ
တိတ်တိတ်လေးကြိတ်ပြီ
ငိုနေခဲ့တာ မင်းမြင်နိင်ရဲ့လား
တကယ်တော့
အားလုံးဟာအချစ်ရဲ့
ရလဒ်တွေထဲက
အကောင်းဆုံးလို့ပြောလို့ရတဲ့
အလွမ်းတွေလေ.....
မငိုခဲ့ပါဘူး
လွမ်းနေတဲ့အလွမ်းတွေကနေ
စီးဆင်းလာတဲ့
မျက်ရည်တွေကိုတော့
ဖယ်ရှားဖို့
ခွန်အားဆိုတာ အခုထိငါ့မှာ မရှိသေးဘူးလေ....

မင်းရှေ့မှာ ပြုံးသမျှ
မျက်နှာဖုံး ခွာချလိုက်တယ်ဆိုရင်ပဲ
ငါ့ပါးပြင်နှစ်ဖက်ဟာ
တစ်စုံတစ်ခုကြောင့်
နွေးသွားတယ်လေ။

အေးစက်တဲ့နှလုံးသားကို ပိုင်ဆိုင်တဲ့ ……ငါ…အော် အချစ် ကို ဘယ်သူက မရယူချင်လဲ။
အချစ်ကို လက်ခံဖို့ ငါ့မှာ……. ရဲဝံ့စွာလက်ခံလိုက်တာဒဏ်ရာတွေ နာကျင်မှုတွေကျန်ခဲ့ရပါလား….
ဒီလိုနဲ့ ချစ်ခြင်းကို စိတ်ရှုပ်စရာအဖြစ်တွေးလာမိတယ်။

အချစ်ကို သတ်မှတ်ချက်တွေ ထားရင် ၀န်ထုတ်ဝန်ပိုးလိုခံစားရမယ်။ ခံစားချက်တွေကို လစ်လျူရှုမိမယ်။ ဒါပေမဲ့ နာကျင်မှုတော့ မရှိဘူး။

သတ်မှတ်ချက်မရှိတဲ့အချစ်ဆိုပြန်တော့လဲ နာကျင်ခံစားရမယ်။ ပေါ့ပါးတယ်ဆိုပေမဲ့ သတ်မှတ်ချက်မရှိတာလဲ သတ်မှတ်ချက်ရှိနေတယ်လို့ သင်မထင်ဘူးလား။

ဒီနားရောက်တော့ မျိုးကြီးရဲ့ သီချင်း ဆန့်ကျင်ဘက်လိုပေါ့။ `ငါ့အချစ်ကလွတ်လပ်ခြင်း မင်းအချစ်က သိမ်းပိုက်ခြင်း တို့နှစ်ယောက်ရဲ့ အချစ်တကယ်ကို ဆန့်ကျင်ဘက်´ ဆိုသလိုပေါ့။ အပေးအယူမျှဖို့အဓိကပါ။ ကိုယ်ကပဲ ယူမယ်ဆိုတော့လဲမရ၊ ပေးမယ်ဆိုတော့လဲမဟုတ်၊ အထိုက်သင့်လေးပေါ့။ ချစ်ခြင်းဆိုတာ တစ်ယောက်ကိုချစ်မိရင် သောက တစ်ခုကိုပိုင်ဆိုင်တယ်လို့ ပြောလို့ရမယ်။ ဒီအချစ်မီးတောက်ကြီးကို မပူလောင်စေပဲ သင်ရင်ထဲကမေတ္တာနဲ့ အေးမျှစေရင် ဒီအချစ်မီးဟာလည်း နွေးထွေးတဲ့ အချစ်ဖြစ်လာမှာပေါ့ကွယ်။

တစ်ယောက်ယောက်ကိုချစ်တယ်ဆိုတာ သင့်ရဲ့လွတ်လပ်ခွင့်ပါ။ ချစ်ပြီဆိုတာနဲ့ သင့်ဘက်ကနေ အရင်ပေးဆပ်ရမယ်။ ဒီပေးဆပ်နေတာလည်း သင့်အတွက် တခါတလေ ချိုမြန်မယ် တခါတလေ ခါးသီးမယ်။ သင်ကသာ ဒီအချစ်ကို ပိုင်ဆိုင်ရမယ်ဆိုပြီး ခံယူထားရင် သင်ကော သင်ချစ်တဲ့သူပါ ပင်ပန်းမယ်။ သင်ရဲ့ အချစ်ကို သူလက်ခံနိုင်အောင် သင်ကြိုးစားရမယ်။ လက်မခံနိုင်ရင်တော့ တစ်ဘက်သက်အချစ်ပေါ့ ပေးဆပ်ခြင်းပါ။

ချစ်တတ်ရင် ဒီအချစ်က လှပနေမယ်။ ချစ်တတ်မှ ပျော်ရွှင်တဲ့ ဘ၀ကို သင်ပိုင်ဆိုင်မယ်။

သင့်ရဲ့အချစ်ကို သူလက်ခံနိုင်ပြီဆိုရင်တော့ သင်မြတ်နိုးစွာချစ်ပါ။ ရူးရူးမူးမူးလေးကို ချစ်လိုက်ပါ။ လမ်းခွဲရတယ် ဆိုရင်လဲ မေ့လိုက်ပါ။ အချစ်ခရီးလမ်းမှာ ပျော်ရွှင်တဲ့အတိတ်လေးတွေကျန်ခဲ့တာပဲ။ ပျော်ရွှင်တဲ့အတိတ်ကို အောက်မေ့ပြီး လမ်းခွဲလိုက်တဲ့အချစ်ကို သင်မှတ်ထားစရာမလိုပါဘူး။ မကျေနပ်ဘူး လမ်းမခွဲနိုင်ဘူးဆိုရင် သင်ရှုံးသွားတာ ဒီအချစ်တင်မက သင့်ဘ၀ရဲ့လှပတဲ့အချိန်လေးတွေပါ။ ဒဏ်ရာတွေရယူချင်လို့ ချစ်ကြတာမှမဟုတ်တာ။ ချစ်တာပဲဖြစ်ဖြစ် ချစ်ခံရတာပဲဖြစ်ဖြစ်…. လွတ်လပ်တဲ့ ထောင့်တစ်နေရာကို သင်ချစ်တဲ့သူကိုပေးလိုက်ရင် ပျော်ရွှင်တဲ့မနက်ဖန်များစွာကို သင်ပိုင်ဆိုင်မှာပါ။

တစ်ယောက်ယောက်ကို ဘယ်အတိုင်းအတာထိချစ်နိုင်မှာလဲ။ ဒါဟာ မသိကိန်းပါ။ ထိန်းချုပ်လို့မရပါဘူး။ အချစ် က ၃နှစ်တာပဲခံတယ်လို့ ပြောကြပါတယ်။ အချစ်စစ်မှာ တက်ကြွနေမယ်၊ ရူးမူးနေမယ်၊ နေ့စဉ်လုပ်ဆောင်ချက်တွေကို မေ့ရင်မေ့နေမယ်၊ ထာဝရဆိုတာ အတိုင်းအတာတစ်ခုပါ။ ဒီ အချစ်ခရီးလမ်းမှာ စိတ်ပြောင်းတာကတော့ ဖြစ်လေ့ထုံးစံပါ။ စိတ်ပြောင်းတယ် ခံစားချက်ကုန်တယ်။ ဒါဆိုရင် စချစ်တုန်းက အချစ်ကမလေးနက်လို့လား။ အချစ်မစစ်လို့လား။ တစ်ချို့အတွက်တော့ စိတ်ကစားရုံဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ဒါဟာ တကယ်ဖြစ်ရပ်မှန်ပါ။ ရက်စက်ခြင်းကတော့ရှိနေမှာပဲ။

ချစ်တာက ၃ နှစ်ခံတာမှန်တယ်ဆိုရင် ချစ်ရင်းကနေ သံယောဇဉ်အဖြစ်ကူးပြောင်းသွားတာပါ။ ဒီအချစ်သံယောဇဉ်ကိုတော့ လွယ်လွယ်နဲ့ ဖြတ်တောက်နိုင်မယ်မထင်ပါဘူး။

ကိုယ်ပေးလိုက်တဲ့ မေတ္တာမှန်ရင် အသွားနဲ့အပြန်ကတော့ ရှိနေမှာပါလို့ ယုံကြည်နေပေမယ့် ကျွန်တော်ကိုယ်တိုင် တခါတရံ သံသယဖြစ်မိနေပါသေးတယ်.....

♫♫ကိုယ့်အပေါ်မှာ ကိုယ့်ထက်မပိုရင် နေပါစေ♪♪
တူညီတဲ့ တုံ့ ပြန်မှုလေးတော့ ရချင်မိတယ်♪♪
♪♪ဘယ်ကိုသွားသွား♪♪ဘာကိုလုပ်လုပ်♪♪
ထာဝစဉ်အမြဲတမ်း♪♪ရင်မှာစိုးမိုးလွန်းလှတယ်♫♫

များများသိတာ မကောင်းဘူးဆိုတာ အခုတော့သိပြီ.. ရှာဖွေလေတွေ့ရှိလေပါလား.... မရည်ရွယ်ပဲနဲ့ ဖြစ်လာတာကိုတော့ ဘယ်ရှောင်လို့ရပါ့မလဲ.... ငယ်ငယ်ကစုံထောက်ဝတ္ထုတွေဖတ်လာလို့ ပဲ စုံထောက်ရူးရူးနေတာလားတော့မသိဘူး.... နည်းနည်းလေးအားစိုက်တွေးကြည့်လိုက်တာ တန်းခနဲ့ပဲ... ဒါပေမယ့် တခုစဉ်းစားလို့မရတာက... ဘာကြောင့်အဲလိုဖြစ်နေရတာလား... မေ့ပြီထည့်လိုက်တာလား... တမင်ပဲ ထည့်တာလား...... ငါ့အထင်တော့ တမင်လို့ပဲထင်တယ်... ပတ်ဝန်းကျင် အနေအထားအရ...... ဘာပဲဖြစ်ဖြစ်နီးတော့နီးစပ်နေပါပြီ...

ချစ်သူ...
မင်းချစ်တယ်ဆိုတာ ငါရဲ့ချစ်ခြင်းကို မှီပါ့မလား...

ချစ်သူ...
မင်းသတိရတယ်ဆို ငါရဲ့သတိရခြင်းကို မှီပါ့မလား...

ချစ်သူ...
မင်းလွမ်းတယ်ဆိုတာ ငါ့ရဲ့အလွမ်းကို မှီပါ့မလား...

ချစ်သူ
ပေးဆပ်ပြီးချစ်ခဲ့တဲ့ အချစ်တစ်ခုအတွက် နောက်ထပ်ဘာမဆိုဆက်ပြီး ပေးဆပ်ရဲပါတယ်။

သံစဉ်မဲ့ ကောင်လေးရဲ့ ဒိုင်ယာရီ

ပျော်ပျော်နေတတ်ပြီး ထင်ရာဇွတ်လုပ်တတ်တဲ့ ဂျစ်ကန်ကန် ကောင်လေး တစ်ယောက်ရဲ့ သံစဉ်မရှိတဲ့ ဒိုင်ယာရီလေး တစ်အုပ်ပေါ့....


ခံစားလို့ ရေးခဲ့တာပါ။ ရေးဖို့ ခံစားခဲ့တာ မဟုတ်ပါဘူး။

ဒါလေးတွေ ရေးထားပါတယ်ဗျာ

ခြေရာလေးတွေ ချန်ခဲ့ဦးနော်